Content Writer Job

Company Not Specified
FreelanceRemote

"မြန်မာ (ထောင်) ရုံးများနဲ့ Professional (အိမ်ဖော်) အလုပ်ခေါ်စာများ"

အထူးအဆန်းတော့ မဟုတ်ပေမဲ့ မြန်မာပြည်မှာ အိမ်ဖော် - အစုံသုပ်အလုပ်ခေါ်စာတွေက အခုချိန်ထိကို အများသားဗျာ။ ဥပမာ - ဒီနေ့သွားလျှောက်ခဲ့တဲ့ အလုပ်လိုပေါ့။

Vacancy မှာ "Content Writer" ရေးထားပြီး Interview ကျမှ သူတို့တကယ်ခေါ်ချင်တာက "Content Creator" ပါတဲ့။

Content Writer နဲ့ Content Creator ဆိုတာ တူသလိုနဲ့ Work Flow လုံးဝကွဲထွက်နေတဲ့ ဆန့်ကျင်ဘက် Role (၂) ခုပါ။

ချင်း (ဂျင်း) ထည့်ပြီးခေါ်တာလား? တကယ်မသိတာလားတော့ မပြောတတ်ပေမဲ့ ဒီနေ့ Interview မှာတော့ တကယ်ရုပ်ပေါက်စွာနဲ့ -

Professional Content Writer ကို အင်တာဗျူးခေါ်ပြီး Content ရေးရမယ်၊ ဒီဇိုင်းဆွဲရမယ်၊ ရိုက်ကူးရေးလုပ်ရမယ်၊ Video Editing ကိုင်ရမယ်၊ Social Media Page ကိုင်ရမယ်၊ တစ်ယောက်တည်း အကုန်လုပ်ပေးနိုင်လား? ဆိုပြီး အပေါ်စီးဆန်ဆန် အာဏာရှင်လေသံနဲ့ မေးသွားသေးတာဗျာ။

ကျွန်တော်ကတော့ Professional တစ်ယောက်ပီပီ ကိုယ့် Career အပေါ်ထားတဲ့ ခံယူချက်ကို လုံးဝအကျိုးမခံနိုင်တဲ့အတွက် ဘယ်လောက်ပေးပေး မလုပ်ပေးနိုင်ဘူးလို့ပဲ ယတိပြတ်ငြင်းလိုက်ပါတယ်။ (၅) မိနစ်နဲ့ပဲ အင်တာဗျူးလည်း အဆုံးသတ်သွားတယ်။

အကြီးစား Red Flag ဖြစ်နေတဲ့ ရုံးကခေါ်လိုက်တဲ့ အင်တာဗျူးအတွက် ကိုယ့်တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားတာတော့ နှမြောပေမဲ့ -

"ထောင်လိုရုံး၊ အိမ်ဖော်လိုအစုံသုပ်အလုပ်" မရခဲ့လိုက်တာတော့ တကယ်ပျော်စရာပါ။ Personally, ကိုယ်ကတော့ အဲဒီရုံးကို Blacklist တင်လိုက်ပြီဖြစ်လို့ အခုရော နောက်ရော ဘာအကြောင်းနဲ့မှ အလုပ်လျှောက်တော့မှာမဟုတ်တဲ့အတွက် ရှောင်စရာ အမှိုက် Workplace တစ်ခု နည်းသွားတယ်ပဲယူဆပါတယ်။

သေချာပြန်တွေးကြည့်ရင် မြန်မာနိုင်ငံက အရည်အချင်းရှိတဲ့လူငယ်တွေအများကြီး ဒီလိုအာဏာရှင်သူဌေး/ ရှေးရိုးစွဲမန်နေဂျာတွေရဲ့ လက်အောက်မှာ အညွန့်ကြွေခဲ့ရတာ၊ ထပ်ပြီးတော့လည်း ကြွေနေကြရဦးမှာပါပဲ။ စိတ်မကောင်းစရာပေါ့ဗျာ။

Apply for This Job

Find More Translation Jobs

Join thousands of translators and language professionals finding their next opportunity.

Get Started Free